| DO'S | DON'TS |
| လိမ္မော်သီး၊ ကီဝီ၊ သင်္ဘောသီးနှင့် ဘယ်ရီသီးများကဲ့သို့ ဗီတာမင် C နှင့် E ကြွယ်ဝသော အစားအစာများကို စားသုံးပါ။ | အရက်သေစာ သောက်စားခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ |
| တစ်နေ့လျှင် ရေ ၁.၅ မှ ၂ လီတာအထိ သောက်သုံးပါ။ | အချိုလွန်ကဲသော အစားအစာများနှင့် သကြားဓာတ်များသော အရာများကို လျှော့စားပါ။ |
| ဆီကြော်စာမဟုတ်သော အဆီဓာတ်နည်းသော အစားအစာများကို တတ်နိုင်သမျှ ရွေးချယ်စားသုံးပါ။ | အဆီများသော အစားအစာများနှင့် ဆီကြော်မုန့်များကို ရှောင်ကြဉ်ပါ။ |
| DO'S | DON'TS |
| ဖုန်း/ကွန်ပျူတာ စခရင်ကြည့်သည့်အခါ ၂၀-၂၀-၂၀ စည်းမျဉ်းကို လိုက်နာပါ။ (မိနစ် ၂၀ ကြည့်ပြီးတိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ ကြာ ကြည့်ပေးပါ) | စခရင်ကို ၂ နာရီထက်ပို၍ ဆက်တိုက်မကြည့်ပါနှင့်။ |
| အပြာရောင်အလင်းတန်း ကာကွယ်ပေးသော မျက်မှန်ကို တပ်ဆင်ပါ။ | အလင်းရောင် အားနည်းသောနေရာတွင် သို့မဟုတ် လှဲလျောင်းလျက် စာမဖတ်ပါနှင့်။ |
| တစ်နေ့လျှင် အိပ်ချိန် ၇-၈ နာရီ ပြည့်အောင် အိပ်စက်ပါ။ | ညဉ့်နက်မှ အိပ်ခြင်းနှင့် ညအချိန် ခဏခဏ နိုးထခြင်းတို့ကို ရှောင်ကြဉ်ပါ။ |
| အပြင်ထွက်သည့်အခါ နေကာမျက်မှန် တပ်ဆင်ပါ။ | မျက်စိညောင်းညာသည့်အခါ သို့မဟုတ် ဖုန်မှုန့်ဝင်သည့်အခါ မျက်လုံးကို ပြင်းထန်စွာ မပွတ်ချေပါနှင့်။ |
| မျက်လုံးတစ်ဝိုက်ကို တစ်နေ့လျှင် ၂-၃ ကြိမ် ညင်သာစွာ နှိပ်နယ်ပေးပါ။ |